Wednesday, September 25, 2013

Sea Buffalo on Facebook

ကြာမိ နဲ့ ရန်ကုန်မှာ ပြန်တွေ့တော့ ၅၀ ကားပေါ်မှာ
အာဇာနည် အာဇာနည် ဆိုတော အေ အေးက လှည့်မကြည့် ဘူး
ဟေ့ကောင် ကြာမိ ဆိုတောမှ ဟား ဟေ့ကောင်တဲ့
အဲဒါနဲ ပုစွန်တောင် စာတိုက်မှတ်တိုင် ရှေ့ ငွေထုပ် မှာ လဘက်ရည် သောက်
ကြ ကော ၂ ကောင်လုံး လေအိုး ဆိုတော့ စကားက မပြတ်ဘူး
ငါက ငါ့ဘကြီး အိမ်သွားရမှာ အဲဒါနဲ့ ကြာမိ မင်းခဏ နေခဲ့ဦး ငါပြန်လာခဲ့မယ်
ဆိုတာ ငါလည်းလိုက်မယ် ဆိုပြီး ကြာမိလည်းပါလာကော
ငါ့ဘကြီးနဲ့ ပြသနာ ဖြစ်မစိုးလို့ ထားခဲ့ချင်ပေမယ့် သူငယ်ချင်းက လိုက်မယ်
ဆိုတော့ လည်း ကဲ လိုက်ခဲ့ပေါ့ စကားတော့ ကြည့်ပြောနော် ဟေ့ကောင်
ဆိုတော့ အေးပါကွာ ဆိုပီး နှစ်ကောင် သား သွားကြတာပေါ့
ဘကြီးနဲ့ တွေ့တော့ ကြာမိက ငါထင်တဲ့အတိုင်းပဲ ဇာတ်လမ်း စပါလေကော
ကျွန်တော်က ဖိုးကြာမိ မြေးပါ ငယ်ငယ်က အဖိုးနဲ့လိုက်လိုက် လာလို့ 
ဖိုးဖိုးမှတ် ပြောတာတွေ နားထောင်ဖူးပါတယ် အရမ်းမှတ်သား စရာကောင်း
တယ်လေး တန်ဖိုးရှိတယ်လေး ပြောတော့ ငါ့ဘကြီးက မေးတယ်
မင်းဘာတွေ မှတ်မိတုန်း ဆိုတော့ ငါက ကျိတ် ရီ ရတာ အူနာနေပီ
ဖိုးဖိုးမှတ်ပြောတာတော့ အများကြီးပါပဲ အဲ့တုန်းက ငယ်တော့ နားမလည်ဘူး
ခု အသက်ကြီးမှ အော်ဟုတ်ပါလား မှန်ပါလား သိလာရတယ် ဆိုပဲ
ဖြီးနေမှန်းသိလို့ ငါ့ဘကြီးက ဆက်မ မေးပါဘူး
အဲ့ဒါကို မငြိမ်သေးဘူး နောက်တမျိုး ထပ် စ တယ်
ထားဝယ်မှာ ငါးဖမ်းစက်လှေ လိုက်တုန်းက မုန်တိုင်းမိ ဖူးသတဲ့
အုန်းပင်ကြီး တွေပါ ကျွတ်ပြီး လေထဲ လွင့်နေသတဲ့
ငါလည်း heavy weather သုံးကြိမ် မိဖူးတယ်
ရန်ကုန်မှာလည်း နာဂစ် ကြုံဖူးတယ်
ဘယ်အုန်းပင် မှ ကျွတ်တာ မမြင် ဖူးဘူး
ဖြီးချက်ကလည်း အကယ်ဒမီ ရလုနီးနီးပဲ

သတိရတယ် ဟေ့ကောင်
၇ တန်း ၈ တန်း ကျူရှင်တူတူ တက်ခဲ့တဲ့
ငယ်သူငယ်ချင်းတွေအားလုံး ၃ ရက်လောက် လေးပဲဖြစ်ဖြစ်
ပြန်ဆုံချင်တယ်ကွာ
အရမ်းလွမ်းတာပဲ အဲ့ဒိတုန်းကများ ပတ်ခြာလည်ပြီး ရန်ဖြစ်နေကြတဲ့
သူငယ်ချင်းတွေ ခုတော့ အရမ်းလွမ်းတာပဲ ငယ်ဘ၀လေးကိ

No comments:

Post a Comment