Monday, December 30, 2013

Sunday, November 17, 2013

16-November 2013 on Facebook

ရှင်းလားတော့ မသိဘူး အားလုံးပဲ
ချွေတာစုဆောင်း ခင် ပွန်းလောင်း
ခေါင်းလျော် ရည် ဖိုးမကုန်အောင်
ကတုံး တုံးပစ်လိုက်တယ်

Wednesday, September 25, 2013

Sea Buffalo on Facebook

ကြာမိ နဲ့ ရန်ကုန်မှာ ပြန်တွေ့တော့ ၅၀ ကားပေါ်မှာ
အာဇာနည် အာဇာနည် ဆိုတော အေ အေးက လှည့်မကြည့် ဘူး
ဟေ့ကောင် ကြာမိ ဆိုတောမှ ဟား ဟေ့ကောင်တဲ့
အဲဒါနဲ ပုစွန်တောင် စာတိုက်မှတ်တိုင် ရှေ့ ငွေထုပ် မှာ လဘက်ရည် သောက်
ကြ ကော ၂ ကောင်လုံး လေအိုး ဆိုတော့ စကားက မပြတ်ဘူး
ငါက ငါ့ဘကြီး အိမ်သွားရမှာ အဲဒါနဲ့ ကြာမိ မင်းခဏ နေခဲ့ဦး ငါပြန်လာခဲ့မယ်
ဆိုတာ ငါလည်းလိုက်မယ် ဆိုပြီး ကြာမိလည်းပါလာကော
ငါ့ဘကြီးနဲ့ ပြသနာ ဖြစ်မစိုးလို့ ထားခဲ့ချင်ပေမယ့် သူငယ်ချင်းက လိုက်မယ်
ဆိုတော့ လည်း ကဲ လိုက်ခဲ့ပေါ့ စကားတော့ ကြည့်ပြောနော် ဟေ့ကောင်
ဆိုတော့ အေးပါကွာ ဆိုပီး နှစ်ကောင် သား သွားကြတာပေါ့
ဘကြီးနဲ့ တွေ့တော့ ကြာမိက ငါထင်တဲ့အတိုင်းပဲ ဇာတ်လမ်း စပါလေကော
ကျွန်တော်က ဖိုးကြာမိ မြေးပါ ငယ်ငယ်က အဖိုးနဲ့လိုက်လိုက် လာလို့ 
ဖိုးဖိုးမှတ် ပြောတာတွေ နားထောင်ဖူးပါတယ် အရမ်းမှတ်သား စရာကောင်း
တယ်လေး တန်ဖိုးရှိတယ်လေး ပြောတော့ ငါ့ဘကြီးက မေးတယ်
မင်းဘာတွေ မှတ်မိတုန်း ဆိုတော့ ငါက ကျိတ် ရီ ရတာ အူနာနေပီ
ဖိုးဖိုးမှတ်ပြောတာတော့ အများကြီးပါပဲ အဲ့တုန်းက ငယ်တော့ နားမလည်ဘူး
ခု အသက်ကြီးမှ အော်ဟုတ်ပါလား မှန်ပါလား သိလာရတယ် ဆိုပဲ
ဖြီးနေမှန်းသိလို့ ငါ့ဘကြီးက ဆက်မ မေးပါဘူး
အဲ့ဒါကို မငြိမ်သေးဘူး နောက်တမျိုး ထပ် စ တယ်
ထားဝယ်မှာ ငါးဖမ်းစက်လှေ လိုက်တုန်းက မုန်တိုင်းမိ ဖူးသတဲ့
အုန်းပင်ကြီး တွေပါ ကျွတ်ပြီး လေထဲ လွင့်နေသတဲ့
ငါလည်း heavy weather သုံးကြိမ် မိဖူးတယ်
ရန်ကုန်မှာလည်း နာဂစ် ကြုံဖူးတယ်
ဘယ်အုန်းပင် မှ ကျွတ်တာ မမြင် ဖူးဘူး
ဖြီးချက်ကလည်း အကယ်ဒမီ ရလုနီးနီးပဲ

သတိရတယ် ဟေ့ကောင်
၇ တန်း ၈ တန်း ကျူရှင်တူတူ တက်ခဲ့တဲ့
ငယ်သူငယ်ချင်းတွေအားလုံး ၃ ရက်လောက် လေးပဲဖြစ်ဖြစ်
ပြန်ဆုံချင်တယ်ကွာ
အရမ်းလွမ်းတာပဲ အဲ့ဒိတုန်းကများ ပတ်ခြာလည်ပြီး ရန်ဖြစ်နေကြတဲ့
သူငယ်ချင်းတွေ ခုတော့ အရမ်းလွမ်းတာပဲ ငယ်ဘ၀လေးကိ

Tuesday, September 24, 2013

Sea Buffalo on Facebook

ယိုးဒယား စင် ကာပူ ဒူဘိုင်း စပိန် ပေါ်တူဂီ ပြင် သစ် နယ်သာလန်
ဘယ်ဂျီယံ ဂျာမနီ ဆွီဒင် နော်ဝေး အင်္ဂလန် မက်ဆီကို ဘဟားမား
Aruba ကိုရာဆောင်း ကိုလံဘီယာ ဗင်နီဇွဲလား ဘရာဇီး ဥရုဂွေး
အာဂျင် တီးနား
စတဲ့ နိုင်ငံ တွေလည်း ရောက်ခဲ့ဖူးပြီ
အတ္တလန္တိတ် သမုဒ္ဓ ရာ ကြီးကိုလည်းပဲ ဒေါင် လိုက် အလျားလိုက်
အကြိမ်ကြိမ် ဖြတ်ခဲ့ ဖူးပြီ
ရထား မော်တော်ကား သင်းဘော လေယာဉ်ပျံ ဆင် မြင်း ၀က်
စတဲ့ စီးစရာတွေကိုလည်း အကြိမ်ရေ မနဲ လှအောင် စီးခဲ့ ဖူးပါပြီ
သို့ သော် ပေါ့လေ

အတိုင်းဆမဲ့တဲ့ လှိုင်းကြမ်းည တို့ ဖြတ် ပြန်ခဲ့မည်
နောက်ဆုံးပဲ မင်းရဲ့ ရင် ခွင် ဆီ

Sunday, September 22, 2013

Sea Buffalo on Facebook

ဘာပဲဖြစ်ဖြစ် ငါ နင့်ကို ချစ်ပါတယ်
နင် ငါ့ကို လက်ခံနိုင်မယ် ဆိုရင် နောက်တစ်ခေါက်
သင်းဘောက ပြန်လာရင် လက်ထပ်ယူပါ့မယ်
ငါ အိမ်ထောင် တစ်ခု ထူထောင် နိုင်ပြီလေ
အရာရှိ ဖြစ်အောင် လုပ်ပါ့မယ်
ဒါမှ ကန်ထရိုက် သက်တမ်းက တိုပြီး
ပိုက်ဆံများများ ရမှာလေ
သားသား လေး တွေနဲ့ နင့်ကို အကြာကြီး
မထားခဲ့ ချင် ဘူး
အိမ်အလုပ်တွေ ငါလည်းလုပ်ကူမှာပေါ့
Like · · · 42 minutes ago via mobile ·

Friday, September 20, 2013

Sea Bullalo Feeling on facebook

ဘယ်မင်းသမီး ဘယ်လောက် လှလှ ကိုယ်တကယ်
ချစ်တဲ့ သူ လောက် စိတ်တိုင်းကို မကျဘူး
အသားက မညိုတာနဲ့ ချစ်ဆုံးလေး လို ပုခုံးက မကျယ်တာနဲ့
လက်မောင်းက တုတ်တာနဲ့ အောက်ပိုင်းက မတိုတာနဲ့
...
ထွီ ဘုမှ ငါ့ချစ်ဆုံး လောက် မလှဘူး

ငါ့ကို ဒေါသဖြစ်တဲ့ အချိန်ဆို အသဲယားဆုံးပဲ
ခါးလေးဆန့်  မျက်လုံးကပြူးလာ နှာခေါင်းလေး ရှုံ့ပွ ရှုံ့ပွ နဲ့
ငယ်သံပါအောင် ရန်တွေ့တာများ ချစ်စရာ အ ကောင်းဆုံးပဲ
တခါတလေ မရဲ တရဲ နဲ့ လက် က ပါသေးတယ်
လည်ပင်းညှစ် ရ တာနဲ့
ခေါင်း ကို ထုရ တာနဲ့
ငါများ ပြန်လုပ်မလားလို့  ငါ့မျက်နှာကို လည်း ကြည့်ရ သေးတာ
အရမ်း ချစ်တာပဲ ( ငါ့ဘက်က တဘက်သတ် ချစ် ရတာ )
See More
Like · · · 2 hours ago via mobile ·